International News

ရုရှားနိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပလက်တီနမ်နှင့် ရွှေတင်ပို့ခြင်းအတွက် အထွေထွေလိုင်စင်များကို ဆက်လက်ထုတ်ပေးသွားမည်

Last Updated:

ရုရှားနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပလက်တီနမ်နှင့်ပလက်တီနမ်အုပ်စုသတ္တုများ၊ သန့်စင်ပြီးရွှေနှင့်ငွေများ၊ ရွှေပြားနှင့်ရွှေမှုန်များတင်ပို့ခြင်းများအတွက် တည်ဆဲအစိုးရ၏ဥပဒေအရ အထွေထွေလိုင်စင်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်းအရ သန့်စင်ပြီး ရွှေ၊ ငွေ၊ ပလက်တီနမ်နှင့် ပလက်တီနမ်အုပ်စုသတ္တုများ (palladium ၊ rhodium ၊ iridium ၊ ruthenium ၊ osmium)၊ ရွှေပြားနှင့်ရွှေမှုန်များတင်ပို့ခြင်းအတွက် အထွေထွေလိုင်စင်ထုတ်ပေးရန် တာဝန်ရှိသည်။ သို့သော် သန့်စင်ပြီးအဖိုးတန်သတ္တုများတင်ပို့ခြင်းအတွက် အထွေထွေလိုင်စင်ထုတ်ပေးခြင်းကို ရုရှားဘဏ္ဍာရေးဝန်ကြီးဌာန၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ပါသည်။

ယခင်က စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၎င်းလိုင်စင်နှင့်ပတ်သက်၍ တစ်ကြိမ်သာပါမစ်ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ယာယီအထွေထွေလိုင်စင်ထုတ်ပေးခဲ့သည်။ ၎င်းအထွေထွေလိုင်စင်သည် ၂၀၂၃ ခုနှစ် မတ်လအထိ သက်တမ်းရှိခဲ့သည်။

Source : https://tass.ru/ekonomika/18225685

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

Category: International News